ရိုးသားသောအထမ်းသမားများ ရှိသလို အထမ်းသမားဟန်ပြ တည်းခိုခန်းပွဲစားများ
လှည့်စားမှုကို ကိုယ်တိုင် ကြုံခဲ့ရသူ သန်လျင်သားတစ်ဦးမှ အခုလို
ရင်ဖွင့်လိုက်ပါတယ်။ (ကျိုက်ထီးရိုး သို့ မရောက်တာအတော်လေးကြာခဲပြီ
ကျွန်တော်သားလေးတသက်ပေါ့ လူပျိုတုန်းက ကျောင်းသားဘ၀ နှစ်တိုင်း
ရောက်တယ်။တစ်ခါတလေ အဖော်ကောင်းရင်တစ်နှစ်ထဲ နှစ်ခေါက်လောက်တတ်ဖြစ်တယ်ဗျ။
ကျွန်တော်တို့တက်တိုင်းလည်း တောင်ပေါ်ရောက်တာနဲ့ ထမင်းဆိုင်တွေမှာဘဲတည်းတယ်။
ထမင်းဆိုင်တွေက အခမဲ့ ပေးတည်းတယ်ဆိုတော့ ကျွန်တော်တို့
မိဘပေးတဲ့မုန့်ဖိုးစရိတ်နဲ့
အစဉ်ပြေတာပေါ့။ဒါနဲ့ရောက်တိုင်းထမင်းဆိုင်တွေမှာတည်းတယ်။ အဲဒီနောက်ပိုင်း
လွန်ခဲ့တယ့် ဆယ်နှစ်လောက်ကတည်းကရောက်တိုင်း မို့မို့ဆန်းဆိုတဲ့
ထမင်းဆိုင်မှာတည်းတယ်။တည်းရင်းနဲ့ ဆိုင်ရှင်တွေနဲ့ ရင်းနှီးလာတော့
ရောက်တိုင်း အဲဒီမှာတည်းတယ်ပေါ့။ လွန်ခဲ့သောရှစ်နှစ်လောက်ကတည်းက
မရောက်ဖြစ်တော့ အခု ကလေးကလည်း ၆ နှစ်ဆိုတော့ခရီးထွတ်ဖို့ အစဉ်ပြေလောက်တာနဲ့
သူကိုလိုက်ပို့ရင်းကိုယ်လဲသွားချင်တာနဲ့
ဒီနှစ်ကျိုက်ထီးရိုးဘုရားဖူးထွတ်ခဲ့တယ်ဆိုပါတော့ ။ အဲဒီမှာဗျာ
တောင်ပေါ်လည်းရောက်ရောအထမ်းသမား တွေက အပြိုင်အဆိုင် အလုအယက်
လိုက်ပို့မယ်ဘာညာဆိုပြီးအထုပ်တွေတောင်းတယ်.. . . . ဒါနဲ့ကျွန်တော်က
ညီလေးရတယ် အစ်ကိုတို့အထုပ်က သိပ်မများဘူ့း ကိုယ့်ဖာသာ သည်နိုင်တယ်
မလိုသေးဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့သူကမလျှော့ဘဲ အစ်ကိုလေးရယ်
အထုပ်တွေပေးပါ လိုက်ပို့ပါရစေ။ကျွန်တော်ဈေးဦးမပေါက်သေးလို့ပါ . . .
အားပေးပါဆိုပြီး
အထုပ်တွေကိုတောင်းထဲထည့်ဖိုအတင်းပြောနေပြန်တယ်။တစ်ထောင်ဘဲပေးပါပေါ့ . . .
ကျွန်တော်ကလဲ ပိုက်ဆံတစ်ထောင်နှမျောလို့မဟုတ်ဘူး တကယ်မလိုလို့
မသယ်ဖို့ဘဲပြောတယ် . . . သူက မလျှော့ ဘဲကျွန်တော်နဲ့ အပြိုင်လျှောက်ပြီး
၅၀၀ ဘဲပေးပါလိုက်ပို့ပါရစေလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း
စိတ်လည်းမရှည်ချင်တာနဲ့ ကဲဒါဆိုလည်းဒီလိုလုပ် မင်းကို ငါ ၅၀၀
ပေးမယ်။ဘာအိတ်မှ မသယ်နဲ့ ဟုတ်လား ငါစေတနာနဲ့
လက်ဘက်ရည်ဖိုးပေးတယ်လို့သဘောထား သွားတော့လို့ပြောလိုက်တော့ . . . သူက ဟာ
မဟုတ်တာအစ်ကို ရယ် ကျွန်တော် အလကားမလိုချင်ပါဘူးတဲ့ဗျာ . . . ဒါနဲ့
ကျွန်တော်လည်း အားနာသလိုဖြစ်မိတာနဲ့ ကဲဒီလောက်တောင် လိုက်ပို့ချင်နေတာ
ရော့ဆိုပြီး လက်ဆွဲအိတ်အသေးတစ်လုံး သူတောင်းထဲထည့်ပေးလိုက်ပြီး သူ
ကျွန်တော်တို့နဲ့ အတူလျှောက်လာရင်း . . . ဒါနဲ့ အစ်ကိုတို့မိသားစု
ဘယ်မှာတည်းမှာလဲဆိုပြီးမေးတော့ ကျွန်တော်ကငါတို့
မို့မို့ဆန်းထမင်းဆိုင်ကို လိုက်ပို့ပေး အဲဒီမှာတည်းမယ်. . . အဲဒီဆိုင်က
ငါတို့ ကျောင်းသားဘ၀ထဲက ဒီရောက်တိုင်းတည်းနေကြစားနေကြလို့ပြောတော့ သူက
အစ်ကိုတို့အစဉ်ပြေမှာမဟုတ်ဘူးတဲ့ အဲဒီမှာက ဟောတိုက်ကြီးဘဲရှိတာ
အစ်ကိုတို့မိသားစုနဲ့ဆိုတည်းဖို့စိတ်ညစ်နေရလိမ့်မယ်တဲ့ . . . . ဒါနဲ့
ကျွန်တော်က ဟာအဟုတ်သေးပါဘူးကွာ၊ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က
တစ်ခေါက်ရောက်ပါသေးတယ်။ အခန်းတွေ ဖွဲထားပါတယ်လို့ပြောတော့
သူကထက်ပြီးပြောတယ် . . . အခုမဟုတ်တော့ဘူးအစ်ကိုဆိုပြန်တော့ . . . သြ
သူတို့က ဒေသခံတွေဆိုတော့ ကိုယ်ထက်ပိုသိမယ်ဆိုပြီးယုံလိုက်ပြီး
ကလေးငယ်လေးပါတာနဲ့ အစဉ်ပြေမဲ့နေရာတစ်ခုရှာပြီးတည်းဖို့စဉ်းစားလိုက်တယ်။
အဲဒီမှာသူကိုဘဲမေးလိုက်တယ်။ ဘယ်မှာအစဉ်ပြေလည်း ဈေးချိုပြီး
အခန်းသပ်တောက်သပ်သာရှိတာလေးရှိနိုင်လားဆိုပြီးမေးလိုက်တယ်။
မောင်မင်းကြီးသားက ကျွန်တော်တို့ရင်ပြင်ပေါ်တတ်တတ်ချင်းမှာရှိတဲ့
သုံးထပ်ဆောင်တည်းခိုခန်းကိုညွန်းတော့ ကိုယ်လဲဝင်ကြည့်လိုက်ဦးမယ် ကြိုက်မှ
ငှားမယ်ပေါ့။ အခန်းပြတဲ့ ကောင်းလေးတစ်ယောက်က ကျွန်တော့်ကို
အခန်းတွေလိုက်ပြတယ်။ သူပြတဲ့ပထမအခန်းက ၁၅၀၀၀ ဒုတိယထပ် တစ်ယောက်အိပ်ခုတင်
ဆိုတော့ ကျွန်တော်တို့က ကလေး အပါအ၀င် ၃ ယောက် အိပ်ဖို့အစဉ်မပြေနိုင်တာနဲ့
နောက်အောက်ထက်က အခန်းလိုက်ပြတယ်။ လိုက်ကြည့်လိုက်တော့ မသိရင်ဗျာ
ဘာနဲ့တူလည်းဆို မီးရထားတွဲကြီးကို အခန်းဖွဲ့ထားသလိုဘဲ ဘယ်ညာမှာ အခန်းဖွဲ့
အလယ်တည်တည့်မှာ ၂ပေခွဲ လျှောက်လမ်း တစ်လမ်းသာရှိတဲ့ အဆောက်အဦးတစ်ခုပါ။
ရောက်ဖူးသူတွေ သိပါလိမ့်မယ်။အခန်းတွေကတော့ ၇ ပေ
ပတ်လည်လောက်တော့ရှိတယ်ထင်တယ်။ တံခါးဖွင့်တာနဲ့ ကုတင်ပေါ်ရောက်တယ်။
အဲဒီအခန်းက တစ်ရက်၂၀၀၀၀ ပေးရမယ်တယ့်။ ဒါတောင် ကျွန်တော်တို့ ရောက်တာ
ကြာသပတေးနေ့ နောက် သောကြာစနေဆိုရင် ၃၅၀၀၀ သို့ မဟုတ် ၄ //
၅သောင်းလောက်ထိဈေးရှိတယ်လို့ အခန်းလိုက်ပြတဲ့ ကောင်လေးက
ရှင်းပြတယ်။ကျွန်တော်တို့လည်း ကလေး နဲ့ နားချင်တာနဲ့ နောက် တည်းခိုခန်းတွေ
ထက်မသွားဘဲ ၂ ည အိပ် ကို ၃၀၀၀၀ နဲ့ ဈေးစစ်တော့ ဈေးတည့်ပြီး
တည်းလိုက်တယ်ဆိုပါတော့။ အဲဒီနောက် ရေချိုးပြီး ထမင်းထွက်စားတယ်။ ရသေ့တောင်
သွားတဲ့ဘက်ထမင်းဆိုင်တွေဘက်ကို ထွက်လာခဲ့တယ်။ စားနေကြ မို့မို့ဆန်း ဆီကို
တန်းသွားတယ် ။ရောက်တော့ဆိုင်ရှင်နဲ့ နှုတ်ဆက်ပြောဆိုရင်း ဆိုင်ရှင်က
ဘယ်မှာတည်းလည်းဆိုတော့ သုံးထပ်ဆောင် တည်းခို ခန်းမှာတည်းတယ်လို့ပြောရင်း . .
. . ဒီမှာတည်းချင်တာဗျ အထမ်းသမားက ဒီမှာ ဟောကြီးဘဲရှိတယ် အခန်းမရှိဘူး
ကလေးနဲ့ဆို့အဆင်မပြေနိုင်ဘူးဆိုတာနဲ့ သူညွန်းတဲ့ အခု
သုံးထပ်ဆောင်မှာတည်းလိုက်တာလို့ ပြောလိုက်ရော . . . ဆိုင်ရင် အမ က
အဲဒီအထမ်းသမားတွေက အခန်းပွဲစားတွေလို့ အခုလို ရှင်းပြတယ်။ သူတို့က
တည်းခိုခန်းတွေက % ယူပြီး ဒီဘက်အခြမ်းထမင်းဆိုင်တွေမှာ အခမဲ့တည်းတဲ့နေရာတွေ
ဆီကို၊ ဘုရားဖူးတွေ မရောက်အောင် မုလ်ဦးရှေ့ကပိတ်ပြီး ဘုရားဖူးခရီးသည်တွေ
အကုန်အကျမများများအောင် တည်းခိုခန်းတွေနဲ့
ပေါင်းပြီးလုပ်စားနေကြတယ်ဆိုတာကို ဂဏနဃ ကျွန်တော့် ရှင်းပြတော့ တော်တော်လေး
စိတ်တိုသွားတယ်။ သြ လုပ်စားနေတော့ဘုရားအရိပ်အောက် သူတို့လိမ်တဲလူက
ဘုရားဖူး ကုသိုလ်ပြုလာတဲ့သူတွေ. . . သြဖြစ်မှဖြစ်ရလေ
(တစ်ဆက်တည်းတွေးမိတာလေးကတော့ ဘုရားရင်ပြင်ထိမ်းသိမ်းစောင့်ရှောက်ရေး
ဂေါပက အဖွဲ့များသည်လည်း ကော်မရှင် ဘယ်လောက်ရလို့ ဒီအကြောင်းအရာအဖြစ်တွေကို
သတိလက်လွတ်မသိချင်ယောင်ဆောင် ခွင့်ပြုထားသလဲလို့ တွေးလိုက်မိပါတယ်
ခင်ဗျာ။) ( ဘုရားဖူးများ မိမိလိုမဖြစ်ရအောင် ရေးသားတင်ပြပေးလိုက်ပါသည်။ )