Monday, November 11, 2013

ဘုရားရိပ်ခိုပြီး ဘုရားဖူးများကို လိမ်လည်စားသောက်နေသော အထမ်းသမား အခန်းပွဲစားများ နှင့် တည်းခိုခန်းပိုင်ရှင်များ သတင်း

ရိုးသားသောအထမ်းသမားများ ရှိသလို အထမ်းသမားဟန်ပြ တည်းခိုခန်းပွဲစားများ လှည့်စားမှုကို ကိုယ်တိုင် ကြုံခဲ့ရသူ သန်လျင်သားတစ်ဦးမှ အခုလို ရင်ဖွင့်လိုက်ပါတယ်။ (ကျိုက်ထီးရိုး သို့ မရောက်တာအတော်လေးကြာခဲပြီ ကျွန်တော်သားလေးတသက်ပေါ့ လူပျိုတုန်းက ကျောင်းသားဘ၀ နှစ်တိုင်း ရောက်တယ်။တစ်ခါတလေ အဖော်ကောင်းရင်တစ်နှစ်ထဲ နှစ်ခေါက်လောက်တတ်ဖြစ်တယ်ဗျ။ ကျွန်တော်တို့တက်တိုင်းလည်း တောင်ပေါ်ရောက်တာနဲ့ ထမင်းဆိုင်တွေမှာဘဲတည်းတယ်။ ထမင်းဆိုင်တွေက အခမဲ့ ပေးတည်းတယ်ဆိုတော့ ကျွန်တော်တို့ မိဘပေးတဲ့မုန့်ဖိုးစရိတ်နဲ့ အစဉ်ပြေတာပေါ့။ဒါနဲ့ရောက်တိုင်းထမင်းဆိုင်တွေမှာတည်းတယ်။ အဲဒီနောက်ပိုင်း လွန်ခဲ့တယ့် ဆယ်နှစ်လောက်ကတည်းကရောက်တိုင်း မို့မို့ဆန်းဆိုတဲ့ ထမင်းဆိုင်မှာတည်းတယ်။တည်းရင်းနဲ့ ဆိုင်ရှင်တွေနဲ့ ရင်းနှီးလာတော့ ရောက်တိုင်း အဲဒီမှာတည်းတယ်ပေါ့။ လွန်ခဲ့သောရှစ်နှစ်လောက်ကတည်းက မရောက်ဖြစ်တော့ အခု ကလေးကလည်း ၆ နှစ်ဆိုတော့ခရီးထွတ်ဖို့ အစဉ်ပြေလောက်တာနဲ့ သူကိုလိုက်ပို့ရင်းကိုယ်လဲသွားချင်တာနဲ့ ဒီနှစ်ကျိုက်ထီးရိုးဘုရားဖူးထွတ်ခဲ့တယ်ဆိုပါတော့ ။ အဲဒီမှာဗျာ တောင်ပေါ်လည်းရောက်ရောအထမ်းသမား တွေက အပြိုင်အဆိုင် အလုအယက် လိုက်ပို့မယ်ဘာညာဆိုပြီးအထုပ်တွေတောင်းတယ်.. . . . ဒါနဲ့ကျွန်တော်က ညီလေးရတယ် အစ်ကိုတို့အထုပ်က သိပ်မများဘူ့း ကိုယ့်ဖာသာ သည်နိုင်တယ် မလိုသေးဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့သူကမလျှော့ဘဲ အစ်ကိုလေးရယ် အထုပ်တွေပေးပါ လိုက်ပို့ပါရစေ။ကျွန်တော်ဈေးဦးမပေါက်သေးလို့ပါ . . .  အားပေးပါဆိုပြီး အထုပ်တွေကိုတောင်းထဲထည့်ဖိုအတင်းပြောနေပြန်တယ်။တစ်ထောင်ဘဲပေးပါပေါ့ . . . ကျွန်တော်ကလဲ ပိုက်ဆံတစ်ထောင်နှမျောလို့မဟုတ်ဘူး တကယ်မလိုလို့ မသယ်ဖို့ဘဲပြောတယ် . . . သူက မလျှော့ ဘဲကျွန်တော်နဲ့ အပြိုင်လျှောက်ပြီး ၅၀၀ ဘဲပေးပါလိုက်ပို့ပါရစေလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း စိတ်လည်းမရှည်ချင်တာနဲ့ ကဲဒါဆိုလည်းဒီလိုလုပ် မင်းကို ငါ ၅၀၀ ပေးမယ်။ဘာအိတ်မှ မသယ်နဲ့ ဟုတ်လား ငါစေတနာနဲ့ လက်ဘက်ရည်ဖိုးပေးတယ်လို့သဘောထား သွားတော့လို့ပြောလိုက်တော့ . . . သူက ဟာ မဟုတ်တာအစ်ကို ရယ် ကျွန်တော် အလကားမလိုချင်ပါဘူးတဲ့ဗျာ .  . . ဒါနဲ့ ကျွန်တော်လည်း အားနာသလိုဖြစ်မိတာနဲ့ ကဲဒီလောက်တောင် လိုက်ပို့ချင်နေတာ ရော့ဆိုပြီး လက်ဆွဲအိတ်အသေးတစ်လုံး သူတောင်းထဲထည့်ပေးလိုက်ပြီး သူ ကျွန်တော်တို့နဲ့ အတူလျှောက်လာရင်း . . .  ဒါနဲ့ အစ်ကိုတို့မိသားစု ဘယ်မှာတည်းမှာလဲဆိုပြီးမေးတော့  ကျွန်တော်ကငါတို့ မို့မို့ဆန်းထမင်းဆိုင်ကို လိုက်ပို့ပေး အဲဒီမှာတည်းမယ်. . . အဲဒီဆိုင်က ငါတို့ ကျောင်းသားဘ၀ထဲက ဒီရောက်တိုင်းတည်းနေကြစားနေကြလို့ပြောတော့ သူက အစ်ကိုတို့အစဉ်ပြေမှာမဟုတ်ဘူးတဲ့ အဲဒီမှာက ဟောတိုက်ကြီးဘဲရှိတာ အစ်ကိုတို့မိသားစုနဲ့ဆိုတည်းဖို့စိတ်ညစ်နေရလိမ့်မယ်တဲ့ . . . . ဒါနဲ့ ကျွန်တော်က ဟာအဟုတ်သေးပါဘူးကွာ၊ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က တစ်ခေါက်ရောက်ပါသေးတယ်။ အခန်းတွေ ဖွဲထားပါတယ်လို့ပြောတော့ သူကထက်ပြီးပြောတယ် . . . အခုမဟုတ်တော့ဘူးအစ်ကိုဆိုပြန်တော့ . . .  သြ သူတို့က ဒေသခံတွေဆိုတော့ ကိုယ်ထက်ပိုသိမယ်ဆိုပြီးယုံလိုက်ပြီး ကလေးငယ်လေးပါတာနဲ့ အစဉ်ပြေမဲ့နေရာတစ်ခုရှာပြီးတည်းဖို့စဉ်းစားလိုက်တယ်။ အဲဒီမှာသူကိုဘဲမေးလိုက်တယ်။ ဘယ်မှာအစဉ်ပြေလည်း ဈေးချိုပြီး အခန်းသပ်တောက်သပ်သာရှိတာလေးရှိနိုင်လားဆိုပြီးမေးလိုက်တယ်။ မောင်မင်းကြီးသားက ကျွန်တော်တို့ရင်ပြင်ပေါ်တတ်တတ်ချင်းမှာရှိတဲ့ သုံးထပ်ဆောင်တည်းခိုခန်းကိုညွန်းတော့ ကိုယ်လဲဝင်ကြည့်လိုက်ဦးမယ် ကြိုက်မှ ငှားမယ်ပေါ့။ အခန်းပြတဲ့ ကောင်းလေးတစ်ယောက်က ကျွန်တော့်ကို အခန်းတွေလိုက်ပြတယ်။ သူပြတဲ့ပထမအခန်းက ၁၅၀၀၀ ဒုတိယထပ် တစ်ယောက်အိပ်ခုတင် ဆိုတော့ ကျွန်တော်တို့က ကလေး အပါအ၀င် ၃ ယောက် အိပ်ဖို့အစဉ်မပြေနိုင်တာနဲ့ နောက်အောက်ထက်က အခန်းလိုက်ပြတယ်။ လိုက်ကြည့်လိုက်တော့ မသိရင်ဗျာ ဘာနဲ့တူလည်းဆို မီးရထားတွဲကြီးကို အခန်းဖွဲ့ထားသလိုဘဲ ဘယ်ညာမှာ အခန်းဖွဲ့ အလယ်တည်တည့်မှာ ၂ပေခွဲ လျှောက်လမ်း တစ်လမ်းသာရှိတဲ့ အဆောက်အဦးတစ်ခုပါ။ ရောက်ဖူးသူတွေ သိပါလိမ့်မယ်။အခန်းတွေကတော့ ၇ ပေ ပတ်လည်လောက်တော့ရှိတယ်ထင်တယ်။ တံခါးဖွင့်တာနဲ့ ကုတင်ပေါ်ရောက်တယ်။ အဲဒီအခန်းက တစ်ရက်၂၀၀၀၀ ပေးရမယ်တယ့်။ ဒါတောင် ကျွန်တော်တို့ ရောက်တာ  ကြာသပတေးနေ့ နောက် သောကြာစနေဆိုရင် ၃၅၀၀၀ သို့ မဟုတ် ၄ // ၅သောင်းလောက်ထိဈေးရှိတယ်လို့ အခန်းလိုက်ပြတဲ့ ကောင်လေးက ရှင်းပြတယ်။ကျွန်တော်တို့လည်း ကလေး နဲ့ နားချင်တာနဲ့ နောက် တည်းခိုခန်းတွေ ထက်မသွားဘဲ ၂ ည အိပ် ကို ၃၀၀၀၀ နဲ့ ဈေးစစ်တော့ ဈေးတည့်ပြီး တည်းလိုက်တယ်ဆိုပါတော့။ အဲဒီနောက် ရေချိုးပြီး ထမင်းထွက်စားတယ်။ ရသေ့တောင် သွားတဲ့ဘက်ထမင်းဆိုင်တွေဘက်ကို ထွက်လာခဲ့တယ်။ စားနေကြ မို့မို့ဆန်း ဆီကို တန်းသွားတယ် ။ရောက်တော့ဆိုင်ရှင်နဲ့ နှုတ်ဆက်ပြောဆိုရင်း ဆိုင်ရှင်က ဘယ်မှာတည်းလည်းဆိုတော့ သုံးထပ်ဆောင် တည်းခို ခန်းမှာတည်းတယ်လို့ပြောရင်း . . . . ဒီမှာတည်းချင်တာဗျ အထမ်းသမားက ဒီမှာ ဟောကြီးဘဲရှိတယ် အခန်းမရှိဘူး ကလေးနဲ့ဆို့အဆင်မပြေနိုင်ဘူးဆိုတာနဲ့ သူညွန်းတဲ့ အခု သုံးထပ်ဆောင်မှာတည်းလိုက်တာလို့ ပြောလိုက်ရော . . . ဆိုင်ရင် အမ က အဲဒီအထမ်းသမားတွေက အခန်းပွဲစားတွေလို့ အခုလို ရှင်းပြတယ်။ သူတို့က တည်းခိုခန်းတွေက % ယူပြီး ဒီဘက်အခြမ်းထမင်းဆိုင်တွေမှာ အခမဲ့တည်းတဲ့နေရာတွေ ဆီကို၊ ဘုရားဖူးတွေ မရောက်အောင် မုလ်ဦးရှေ့ကပိတ်ပြီး ဘုရားဖူးခရီးသည်တွေ  အကုန်အကျမများများအောင် တည်းခိုခန်းတွေနဲ့ ပေါင်းပြီးလုပ်စားနေကြတယ်ဆိုတာကို ဂဏနဃ ကျွန်တော့် ရှင်းပြတော့ တော်တော်လေး စိတ်တိုသွားတယ်။ သြ လုပ်စားနေတော့ဘုရားအရိပ်အောက် သူတို့လိမ်တဲလူက ဘုရားဖူး ကုသိုလ်ပြုလာတဲ့သူတွေ. . . သြဖြစ်မှဖြစ်ရလေ   (တစ်ဆက်တည်းတွေးမိတာလေးကတော့ ဘုရားရင်ပြင်ထိမ်းသိမ်းစောင့်ရှောက်ရေး ဂေါပက အဖွဲ့များသည်လည်း ကော်မရှင် ဘယ်လောက်ရလို့ ဒီအကြောင်းအရာအဖြစ်တွေကို သတိလက်လွတ်မသိချင်ယောင်ဆောင် ခွင့်ပြုထားသလဲလို့ တွေးလိုက်မိပါတယ် ခင်ဗျာ။)  ( ဘုရားဖူးများ မိမိလိုမဖြစ်ရအောင် ရေးသားတင်ပြပေးလိုက်ပါသည်။ )

No comments:

Post a Comment